ဆရာတပည့်
ဦးသန်းနိုင်က မျိုးကိုကိုရဲ့ ထမင်းရှင်၊ ကျေးဇူးရှင်ဆိုလည်းမမှား။ မျိုးကိုကိုတို့ရွာကို အလှူလာလုပ်ကြရင်းက ဖင်ပေါ့တဲ့ ရွာသားလေး မျိုးကိုကို, ကို ဦးသန်းနိုင်က သူ့အိမ်မှာ နေစရာ၊ စားစရာ မပူရတဲ့အပြင် လစာပါပေးမယ်ဆိုပီးခေါ်လာခဲ့တာ။ မျိုးကိုကို့မှာ မိစုံဖစုံမရှိတော့၊ အမေဖြစ်သူက ညီမငယ်နှင်းမြကို မွေးပီး မီးတွင်းထဲမှာပဲဆုံးတယ်။ အဖေဖြစ်သူက ကိုယ်တစ်ခြမ်းလေဖြန်းလို့ ယာထဲကိုင်းထဲမဆင်းနိုင်။ မျိုးကိုကိုတစ်ယောက် ၄တန်းနဲ့ကျောင်းထွက်ပီး လယ်ထွန်ယာစိုက်နဲ့ မိသားစုကို လုပ်ကိုင်ကျွေးမွေးလာရင်းက ရွာကို အလှူလာလုပ်တဲ့ ဦးသန်းနိုင်တို့ မိသားစုနဲ့ ဆုံပီး မြို့မှာ ဒီ့ထက်ဝင်ငွေကောင်းတဲ့အလုပ်ပေးမယ်ဆိုပီး ခေါ်လာခဲ့တာမို့ လိုက်လာခဲ့ရင်းက နေသာတကျရှိနေခဲ့တာ ခုများဆို မြို့သားကြီး လုံးလုံးတောင် ဖြစ်နေခဲ့ပါပီ။ ဦးသန်းနိုင်က မော်လမြိုင်ဇာတိ.. မန္တလေးမြို့ စိန်ပန်းရပ်မှာ 7 Stars အမည်နဲ့ ကားရေဆေး ဆီလိုက် ဖွင့်ထားတယ်။ ရှာတက်ဖွေတက်တဲ့အပြင် စုတက်ဆောင်းတက်သေးတော့ နှစ်အနည်းငယ်အတွင်းမှာပဲ ပိုက်ဆံရှိ လူချမ်းသာတစ်ဦးဖြစ်လာခဲ့တော့တာ။ ယောက်ျားတွေက ပိုက်ဆံရှိရင် ပျက်စီးပီး မိန်းမတွေက ပိုက်ဆံမရှိရင် ပျက်စီးတက်တယ်ဆိုတဲ့စကား သိပ်မှန်တယ်......