ဆီးကြိုနေတုန်းပဲ
” အ … ကျွတ် ကျွတ် ” ” ဟင် … ကိုရဲနိုင် … ရလား … အိမ်သာသွားချင်တာလား ” ” အင်း … မမိုး ” ကျနော်လည်း လူနာကုတင်ပေါ်ကနေ အောက်ဆင်းတော့ ကျနော့်မိန်းမ မိုးမိုးလွင်က ကူတွဲပေးပါတယ်။အိမ်သာ သွားပြီး ပြန်လာတော့ ည၁၁ခွဲပြီ။ရေငတ်တာနဲ့ မမိုးကို ရေဘူးယူခိုင်းရတယ်။ရေကလည်း အဝမသောက်ရဘူးဗျ ဆရာဝန်က မှာထားလို့။ရေတစ်ငုံလောက်ပဲ မော့သောက်ပြီးမှ ကုတင်ပေါ်ပြန်တက်ပြီး မှေးနေလိုက်တာ။ကျနော့်နာမည် ရဲနိုင်ပါ ကားမောင်းတယ်ဗျာ။ကားသမားဆိုတော့ အသောက်အစားမကင်းတာပေါ့။အသက်က ၄၀ကျော်ပါ။ကျနော့်မိန်းမ မိုးမိုးလွင်က စတိုးဆိုင်တစ်ခုမှာ အရောင်းစာရေးပါ။အသက်က ၃၅နှစ်ဆိုတော့ ကျနော့်ထက် ၅နှစ်ငယ်ပါတယ်။ကလေးတော့ မရှိဘူးဗျ။သူကလိုတာလား ကျနော်က လိုတာလား စစ်မကြည့်ဖြစ်ကြဘူး။အိမ်ထောင်သက် ၄နှစ်ကျော်တော့ ကျနော်ဆိုးခဲ့တဲ့ ဒဏ်တွေပေါ့ အသဲခြောက်တာ။ဆေးရုံ ၃ကြိမ်ရှိပြီ ပြရတာ။ ဒီတခေါက်က ဆေးရုံတင်ရမယ်ပြောလို့ ဆေးစာအုပ်တွေလုပ်ပြီး ဆရာဝန်ညွှန်ကြားတဲ့ ကုသဆောင်မှာပဲ နေရတာ။ကုသဆောင်က ပေ၆၀လောက်ကို အလယ်က အုတ်ရိုး၂ခု တောင်မြောက်ကန့်ထားပြီး တကန့်ဆီမှာ ကုတင်၆လုံးခင်းထားပေးတယ်။ကုတင်၂လုံးစီကို အရှေ့နောက် အုတ်ရိုးထပ်ကန့်ထားတော့ အကန့်တကန့်ကို မျက်နှာချင်းဆိုင် က...